ttKeyboard for iPhone/Pad/Pod touch (include Smart Zawgyi+MyRoman)
ttKeyboard မှာပါဝင်တဲ့ features လေးတွေကိုလေ့လာကြည့်ရအောင်။
Smart Zawgyi ဆိုတာကတော့ဒီ keyboard လေးသုံးခြင်းဖြင့် အရင်တုန်းက iOS Zawgyi keyboard ထက်ဘာတွေပိုပြီးကောင်းမွန်နိုင်မလဲလို့ ttKeyboard Developer ကိုသန့်သက်ကိုမေးကြည့်တဲ့အခါ
• ရရစ်
ရရစ် အကြီး၊ အသေး၊ အပေါ်ပြတ်၊ အောက်ပြတ် လို သလို ပြောင်းပေးခြင်း
ဥပမာ၊
ကြ => ကြ
ကြွ => ကြွ
ကြီ => ကြီ
• တစ်ချောင်းငှင်
တစ်ချောင်းငှင် အရှည် အတို အလိုအလျောက် ပြောင်းခြင်း
ဥပမာ၊
ပြု => ပြု
ပြူ => ပြူ
• န နှင့် န
ဥပမာ၊
နွ => နွ
နု => နု
• –္တ နှင့် –္တ
ဥပမာ၊
မန္တလေး => မန္တလေး
• အောက်မြှစ်
ဥပမာ၊
တွေ့ => တွေ့
သန့် => သန့်
• ရကောက် အပြတ်
ရို => ရို
စသည်ဖြင့် (ဖော်ပြမထားတာတွေ ရှိပါသေးတယ်) မြန်မြန်ဆန်ဆန် ရိုက်လို့အောင် လုပ်ထားပေးပါတယ်။ နောက်ထပ်ရှိသေးတယ်… ဒါတွေကတော့ Shift နှိပ်ပြီး ရိုက်ရတာတွေကို Shfit မလိုဘဲ ရိုက်နိုင်အောင်ပါ…
ိ နှစ်ခါ =>ီ
ြ နှစ်ခါ =>ဲ
ါ နှစ်ခါ =>ွ
စသည်ဖြင့်…. ရိုက်လို့ရပါတယ်။
(ထည့်စေချင်တဲ့ features တွေရှိရင်လည်း developer ကိုတောင်းဆိုနိုင်ပါတယ်)![]()
နောက်ထပ် features တစ်ခုကတော့ MyRoman ပါ။
myRoman features ကတော့
Burglish ပါပဲ ။အင်္ဂလိပ်လို အသံထွက်ရိုက် မြန်မာလိုပေါ်တာပေါ့။ ဥပမာ “myan” လို့ရိုက်လိုက်ရင် “မြန်” လို့ပေါ်ပါမယ်။
“အဓိက ကတော့ မြန်မြန်လေး ရိုက်နိုင်အောင်… ဇော်ဂျီမှာ ရရစ်တွေ ရွေးနေရတာက တော်တော်အလုပ်ရှုပ်တယ်.. ဒီတော့ ဒါတွေ မလိုတော့ ပဲ သူဟာသူ ရွေးပေးတော့ ရိုက်ရတာ လွယ်သွားတယ်…
နောက် myRoman ပါတော့ မြန်မာလက်ကွက်မရတဲ့သူတွေ Burglish လိုသုံးပြီး ရိုက်လို့ရတယ်” လို့ပြောပါတယ်။
တကယ်လည်း သုံးစွဲရတာ အရင်တုန်းက iOS မြန်မာကီးဘုတ်တွေထက်အများကြီးပိုကောင်းပါတယ်။ စာရိုက်ရတာ shift key သိပ်သုံးစရာမလိုတော့တဲ့အတွက် စာရိုက်ရတဲ့ကြာချိန်လည်းလျော့သွားပါတယ်။
Demo version အစမ်းသုံးစွဲကြည့်ချင်သူတွေအနေနဲ့ ttKeyboard ကို Cydia Source: ttkz.me/apt တွင် download ရယူပြီး သုံးကြည့်နိုင်ပါတယ်။
Pro version ကိုဝယ်ယူချင်တယ်ဆိုရင်တော့ ရန်ကုန် ၊ မန္တလေးနဲ့အခြားမြို့ကြီးအချို့က ဖုန်းဆိုင်တော်တော်များများမှာ ၂၅၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်ပါတယ်။
Online ကနေ၀ယ်ယူချင်တယ်ဆိုရင်တော့ hein@myopenware.co.uk သို့ paypal acc သို့မဟုတ် bank acc မှ 3ဒေါ်လာ လွှဲပေးပြီး ၀ယ်ယူရရှိနိုင်ပါတယ်။
(မြန်မာဆော့ဝဲများကိုဝယ်ယူအားပေးခြင်းဖြင့် မြန်မာ developer များရှေ့ဆက်ပြိး ဆော့ဝဲကောင်းလေးထုတ်နိုင်ဖို့၊ မြန်မာ့ Mobile Application Development လောကကိုပိုမိုတိုးတက်လာစေဖို့ ကူညီပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်။)