BREAKING NEWS

အဂ်လိပ်စာ အသုံးအနှုံး ဝေါဟာရဗဟုသုတလေးပါ

 အဂ်လိပ်စာ အသုံးအနှုံး ဝေါဟာရဗဟုသုတလေးပါ



မေး။ ကျွန်တော်တို့မြန်မာတွေ အလွန်နားယဉ်နေတဲ့ သိကြားမင်း ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ.။ ပြီးတော့ နတ်သုဒ္ဓါကိုရော ဘယ်လိုခေါ်ပါသလဲ။

ဖြေ။ သိကြားမင်းကို Indra လို့ သုံးနှုန်းပါတယ်။ နတ်သုဒ္ဓါကိုတော့ Nectar လို့ခေါ်ပါတယ်။ Ambrosia လို့လည်း သုံးနှုန်းလေ့ရှိပါတယ်။ သူကတော့ မက်မုန်သီးတစ်မျိုးကိုခေါ်တဲ့ နာမည်ပေါ့။

...

မေး။ စာခြောက်ရုပ်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ ..
ပြီးတော့ လောက်စာလုံးကိုရော ဘယ်လိုသုံးနှုန်းပါသလဲ။

ဖြေ။ စာခြောက်ရုပ်ကို Scarecrow လို့ခေါ်ပါတယ် .. လောက်စာလုံး ကိုတော့ pellet လို့ခေါ်ပါတယ်။

..........................
မေး။ စက္ကူပန်းကို ဘယ်လိုခေါ်သလဲ။

ဖြေ။ Paper Flower တော့ မလုပ်နဲ့ပေါ့ဗျာ။ Bougainvillea ခေါ်ပါတယ်။

..........................
မေး။ ဘီလူးနဲ့ ဂဠုန်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ။

ဖြေ။ ဘီလူးကို Ogre လို့ခေါ်ပါတယ် .. အိုဂါးလို့ အသံထွက်ပါတယ် (အိုပါးနှင့် မမှားစေလိုပါ) ။ ဘီလူးမကို တော့ အိုနီး .. အဲလေ Ogress အိုဂရတ်စ် လို့ခေါ်ပါသတဲ့။ ဂဠုန်ကတော့ Garuda, Garudha, Gruna စသည်ဖြင့်
ကြိုက် ရာရေးနိုင်ပါသတဲ့။

.........................

မေး။ ကျို့ထိုးတာနဲ့ လေချဉ်တက်တာကို ဘယ်လိုခေါ်ပါသလဲ။

ဖြေ။ ကျို့ထိုးတာကို ... Hiccup လို့ခေါ်ပြီး .. လေချဉ်တက်တာကို Belch လို့ခေါ်သတဲ့။ လေလည်တာကိုတော့ .. Fart လို့ခေါ်ပြီး Break wind လို့လည်းခေါ်သေးသတဲ့။

.........................

မေး။ အနိစ္စနဲ့ ဥပေက္ခာကို ဘယ်လိုခေါ်သလဲ။

ဖြေ။ အနိစ္စကို Impermanence လို့ခေါ်ပြီး ဥပက္ခာကိုတော့ Detachment သို့မဟုတ် Aloofလို့လည်းသုံးနှုန်းပါသတဲ့။

....................

မေး။ အော်ဂလီဆန်တာ နဲ့ မခံချိ မခံသာ အသည်းယားတာကို ဘယ်လိုခေါ်ပါသလဲ။

ဖြေ။ အော်ဂလီဆန်တာကို Reich လို့ခေါ်တယ် (ပျို့တက်တယ် .. အန်ချင်တယ်ပေါ့လေ)။
လက်ယားတာ အသည်းယားတာ မခံချိမခံသာ ကျလိကျလိ ဖြစ်တာတွေကို တော့ Nettle လို့သုံးပါတယ်။

.............................
မေး။ ကွမ်းယာမှာ ထည့်စားတဲ့ .. ကွမ်းသီး၊ လေးညှင်းပွင့်၊ နွယ်ချို၊ စမုံစပါး စတာတွေကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲ။

ဖြေ။ ကွမ်းသီးကို Areca ၊ လေးညှင်းပွင့်ကို Clove၊ နွယ်ချိုကို Liquorice ၊ စမုံစပါးကို Dill Seed လို့ခေါ်ပါတယ်။

....................................

မေး။ လူ့ခွစာ နဲ့ သူငယ်ပြန် တာကို အင်္ဂလိပ်လိုဘယ်လိုခေါ်ပါသလဲ။

ဖြေ။ လူ့ခွာစာကို Codger လို့ခေါ်ပြီး သူငယ်ပြန်တာကို Dotard လို့ခေါ်ပါတယ်။

တာရာမင်းဝေ…

ငြိမ်းလဲ့ မှ ကူးယူပါသည်
 
Copyright © 2018 Tech Way Powered By .