BREAKING NEWS

Zawgyi to Unicode to Zawgyi Converter (JZ2UFileConverter)

Zawgyi to Unicode to Zawgyi Converter (JZ2UFileConverter)

မြန်မာစာသည် စနစ်ကျသော ယူနီကုဒ်စာလုံးများကို အသုံးပြုရန် ပြောင်းလည်း၍လာနေ၏။ အသုံးပြုသင့်သည်မှာ ကြာပြီဖြစ်၏။ သို့ရာတွင် ယနေ့တိုင်မပြောင်းသေးသူများလည်း များစွာရှိ၏။ ဘာကြောင့်မပြောင်းသေးသနည်းဟု မေးလျှင် ရေးထားသောစာများကို ပြောင်းလည်းရန်ခက်ခဲလို့၊ ယူနီကုဒ်ကိုသုံးရင် ဘရောင်ဇာတွေဟိုပြောင်းဒီပြောင်း ရှုပ်လို့၊ အစရှိသဖြင့် အကြောင်းပြချက် အမျိုးမျိုးရှိကြ၏။ အကြောင်းအချက်အားလုံးကို ဖြည့်စွမ်းပေးနိုင်စွမ်း မရှိနိုင်တောင် ရေးထားသောစာများကို ပြောင်းလည်းရလွယ်ကူစေရန် ရည်ရွယ်၍ ဤ JZ2UFileConverter ကို ရေးသားခဲ့၏။ အထဲတွင် ရေးသားထားသော ပြောင်းလည်းခြင်း လော့ဂျစ်များမှာ ကိုငွေထွန်းရေးသားထားသော javascript လော့ဂျစ်များကို တိုက်ရိုက်အသုံးပြုထားပါသည်။



လုပ်နိုင်စွမ်းများ

  1. ဇော်ဂျီဖြင့်ရေးသားထားသော ဖိုင်များအား ယူနီကုဒ်အဖြစ်ပြောင်းလည်းနိုင်ခြင်း
  2. ယူနီကုဒ်ဖြင့် ရေးသားထားသော ဖိုင်များအား ဇော်ဂျီဖိုင်များအဖြစ် ပြောင်းလည်းနိုင်ခြင်း
  3. Source ဖြင့် Folder ကို ရွေးချယ်ပါက Folder ၏အောက်တွင်ရှိသော ပြောင်းလည်းနိုင်သည့် ဖိုင်များအားလုံးကို ပြောင်းလည်းပေးနိုင်မည် ဖြစ်သည်
  4. Source ဖြင့် ဖိုင်ကို ရွေးချယ်ပါက ဖိုင်ကို ပြောင်းလည်းပေးမည် ဖြစ်သည်
  5. တဖန် ဖိုင်ကို ရွေးချယ်ရာ၌ ctl+ ဖြင့်ဖိုင်များကို တစ်ပြိုင်နက်တည်း ရွေးချယ်ပြောင်းလည်းနိုင်မည် ဖြစ်သည်

ပြောင်းလည်းပေးနိုင်သော ဖိုင်အမျိုးအစားများ

  1. txt, csv, tsv
  2. html, htm, xml
  3. jsp, asp
  4. java, py, js, php
  5. dump

သုံးပုံသုံးနည်း

  1. ဒေါင်းလုဒ်ဆိုဒ်မှ Zip ဖိုင်အား ဒေါင်းလုဒ်လုပ်ယူပါ
  2. ဒေါင်းလုဒ်လုပ်ထားသော Zip ဖိုင်အား ပြန်ဖြည်ယူပါ
  3. တွေ့ရသော exe ဖိုင်ကို double click နှိပ်ပါက JZ2U Application Window ကို တွေ့မြင်ရမည်ဖြစ်သည်။
  4. ဦးစွာ Source နေရာတွင် ပြောင်းလည်းရန် ဖိုင်များ၊ သို့မဟုတ် ဖိုင်များ၏ နေရာကို ဖြည့်စွက်ပါမည်။ Source ကို သက်မှတ်ရာတွင် Text Box ၏ နောက်တွင်ရှိသော Folder ပုံ ခလုပ်ကိုနှိပ်၍ File Chooser ကို အသုံးပြုနိုင်၏။
  5. တဖန် Target နေရာတွင် ပြောင်းထားပြီးသော ဖိုင်များ၏ သိမ်းဆည်းရန် နေရာကို ဖြည့်စွက်ပေးရပါမည်။ File Chooser ကို အသုံးပြုနိုင်ပါသည်။
  6. ပြီးလျှင် ပြောင်းလည်းလိုသည့် ပုံစံကို ရွေးချယ်ရပါမည်။ ဇော်ဂျီမှ ယူနီကုဒ်သို့၊ ယူနီကုဒ်မှ ဇော်ဂျီသို့ ရွေးချယ်နိုင်ပေသည်။
  7. နောက်ဆုံးတွင် Convert ခလုပ်ကိုနှိပ်ပါကSourceတွင် သတ်မှတ်ထားသော ဖိုင်များကို သတ်မှတ်ထားသည့်အတိုင်း စာလုံးကုဒ်ပြောင်းပြီး Target တွင်သတ်မှတ်ထားသော နေရာအောက်တွင် အမည်အသစ်ဖြင့် သိမ်းဆည်းပေးနိုင်မည် ဖြစ်သည်။

ပတ်ဝင်းကျင်လိုအပ်ချက်

  1. ဝင်းဒိုး XP, Vista, Window7
  2. Java SE 6 နှင့် အထက်
  Zawgyi to Unicode to Zawgyi Converter လေးကို   ဒီမှာ ဒေါင်းယူနိုင်ပါတယ်

မူရင်း။ ။ mit-word
 
Copyright © 2018 Tech Way Powered By .