***တန်ဖိုးဖြတ်မရတဲ့ ရေခဲထုပ်***
........................................................................ဒီနေ့ ဥသျှစ်ပင်-ပြည် လမ်းမဘေးမှာ မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် စီးလာတဲ့ ဆိုင်ကယ်ကို ရပ်လိုက်မိပါတယ်။
နေ့လည် ၁နာရီခွဲ ကတ္တရာလမ်း အရည်ပျော်အောင် ပူပြင်းလှ တဲ့နေရောင်အောက် မှာ တစ်ယောက်ကို တစ်ယောက် ဖေးကူရင်း ယိုင်နဲ့နဲ့ခြေလှမ်း များနဲ့ ရေခဲ ထုပ်ရောင်းနေတဲ့ အဖိုး အဖွါးနှစ်ယောက် ကို တွေ့လိုက်ပါတယ်။
ဇရာကို အံတုရင်း ကိုယ့်ဝမ်း ကိုယ်ကျောင်းနေတဲ့ အဖိုးနဲ့ အဖွါးကို တော်တော်လေး စား အထင်ကြီးမိပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင် မှာ သူတို့ထက် ငယ်ရွယ်သန်စွမ်းပြီး တောင်းစားနေကြ သူတွေ အများကြီးတွေ့ဖူးပါတယ်။
ကူညီချင်စိတ် နဲ့ ပိုက်ဆံပေးရင် စော်ကား သလို ဖြစ်မှာ စိုးလို့ ရေခဲထုပ် ၁ထုပ် ကို အားပေးခဲ့ပါတယ်။ ပါလာတဲ့ ပိုက်ဆံထဲက ဆိုင်ကယ် ဘီးပေါက်ရင်သုံးဖို့ တစ်ထောင် ချန်ထားပြီး ဝယ်စား ခဲ့တဲ့ ရေခဲထုပ် ၁ထုပ်ဟာ ကျနော့ ရင်ကို အေးမြစေတဲ့ အပြင် ရှေ့ဆက် ရမယ့် ဘဝခရီးအတွက် ခွန်အား များစွာ ဖြစ်စေခဲ့ပါတယ်။
ကျနော်ဟာ သာမန် ဝန်ထမ်းတစ်ယောက် ဖြစ်တဲ့ အတွက် စိတ်ထဲရှိ သလောက် မကူညီနိုင် ခဲ့ပါဘူး။ ဒါပေမယ့် နောင် အနာဂတ်မှာ ကျနော့် ပါတ်ဝန်းကျင်မှာ ရှိတဲ့ ဒီလို အခြေနေမျိုးတွေ မှာ ဒိထက် ပိုပြီးထိရောက်တဲ့ အကူညီ မျိုးတွေ ပေးနိုင် ဖို့ ကြိုးစား ရမယ့် ခွန်အားများစွာ ကို ဒီရေခဲထုပ်လေး က ပေးစွမ်းခဲ့ပါတယ်။
ဒီနေ့ စားခဲ့ရတဲ့ အဖိုးအဖွားတို့ ရဲ့ ရေခဲထုပ်လေးဟာ ကျနော့အတွက် တန်ဖိုးဖြတ် လို့မရခဲ့ ပါဘူး။