
Jailbreak တော့လုပ်ထားရန်လိုအပ်ပါသည်
ပိုစ့်ရေးသားသူ- Kyaw Zin Thet(Myanmar Mobile Users Group)
ဒီတစ်ခါရှာဖွေရကျိုးတော်တော်နပ်ပါတယ်ဗျာ… ကောင်းလိုက်တဲ့ tweak …. ပျော်ထွာ…
တစ်ခါတည်းက android သူငယ်ချင်းတွေ ဖုန်းကို lock and unlock ကို လက်ဖျားနဲ့တောင်မထိပဲ proximity sensor သုံးပြီး
အဖွင့်အပိတ် လုပ်ပြသွားတယ်ဗျာ… နင်တို့လုပ်ရလားတဲ့ အဲတုန်းက ငုတ်တုတ်မေ့နေတယ်ဗျာ.. အခုတော့.. လာထား……
Android sensor ထက်ပိုမိုသာလွန်ပါသည်.....
***** IOS 7 jailbreak မှာ Sceeen Lock and Unlock ကို မည်သည့် BUTTON မျှ လုံးဝ ( လုံးဝ) မသုံးပဲ
အပိတ်အဖွင့်ရပါပြီ ။ လက်တစ်ချက် လှုပ်လိုက်တာနဲ့ အဖွင့်အပိတ် အဆင်ပြေပါပြီ . *****
tweak name : SleekSleep
sources : iphone.gsm.vn
available : ios 6 , ios 7 , test on my iphone 5
require tweak : Activator
၁။ Activator လိုအပ်ပါသည်။ မရှိသေးသူများ အရင်ဒေါင်းပြီး အင်စတောလုပ်ထားပါ.
၂။ soruces မရှိသေးသူများ iphone.gsm.vn ကို အပ်ပါ။ ပြီးရင် cydia >> search မှာ SleekSleep ကို ရိုက်ရှာပါ
၃။ အင်စတောလုပ်ပါ။ reboot device လုပ်ပါမည်။ (reboot လုပ်ရင် tweak ပျောက်မှာစိုးရိမ်သော ဘော်ဒါများ comment
မှာတင်ထားသည့် နည်းအတိုင်းအရင်လုပ်ပါ။
၎။ တက်လာပါက Setting >> SleekSleep မှာ Sleek Sleep Enabled = on, Sensor Insomnina = on,
Disable when calling = on, Portrait Only = on or off ( as you wish), Activator Event = on လုပ်ထားပေးပါ။
၅။ Home Screen ကနေ screen lock ချရင်အတွက် Activator >>>> At Home Screen >>> PROXIMITY (SleekSleep)
ကို နှိပ်ပါ ပြီးရင် >>> Lock Device ကို ရှာပြီးတွေ့ရင် နှိပ်လိုက်ပါ . အဆင်ဆင့် back နှိပ်ပြီး ပြန်ထွက်ပါ.
၆။ Lock Screen ကနေ Screen unlock အတွက် Activator >>> At Lock Screen >>> PROXIMITY (SleekSleep)
ကို နှိပ်ပါ ပြီးရင် >>> unlock Device ကို ရှာပြီးတွေ့ရင် နှိပ်လိုက်ပါ . အဆင်ဆင့် back နှိပ်ပြီး ပြန်ထွက်ပါ.
၇။ မိမိ device ကို စမ်းသပ်ကြည့်ပါ
****** ( SleekSleep ) သည် proximity sensor ပေါ်တွင် အရှိန်တစ်ခုဖြင့် ဖြတ်သွားမှသာ အလုပ်လုပ်ပါသည် ။ ထို့ကြောင့် cover သုံးထားသော flip cover များဖြင့် အလုပ်မလုပ်ပါ ။ cover ပိတ်လိုက်ရင် ပိတ်မသွားပါ. cover ဖွင့်လိုက်ရင်လည်း ပြန်ပွင့်မလာပါ ။ sensor ပေါ်ကို velocity တစ်ခုဖြစ် ဖြတ်သွားမှ အလုပ်လုပ်ပါမည်.
**** တစ်ခုကောင်းတာက ကိုယ်က lock ချထားတာကို ဘောင်းဘီအိပ်ထဲထည့်တာတို့ အိပ်ကပ်ထဲထည့်တာတို့ တစ်ခုခုနဲ့ ဖိထားတာတို့ ဆိုရင် ပြန်မပွင့်ပါဘူးးဗျာ. ကျွန်တော်ပြောချင်တာက တစ်ခုခုက sensor ပေါ်က ဖြတ်မှ အလုပ်လုပ်ပါမည် ။ အရှိန်မြန်လွန်းလျင်အလုပ်မလုပ်ပါ။ ဒါကြောင့် အိပ်ကပ်ထဲထည့်တာတို့ ဘာတို့ညာတို့ဆို ပြန်ပွင့်မှာ စိတ်ပူစရာမလိုပါဘူး …
*** စိတ်ချရအောင် setting မှာ seipe timeout ကို အများဆုံး ၃၀၀ MS ထားပေးပါ… အေးဆေးပါပဲ
+++++ အားလုံးလိုချင်ကြမယ်ထင်ပါတယ် iphone5s လို လက်ဗွေရာပေါ်တောင် တင်စရာမလိုပါဘူး လက်တစ်ချက် ဝှေ့ရမ်း
လိုက်ယုံပါပဲဗျာ….
( မိမိ နားလည်သလိုပြန်ရေးသားသောကြောင့် အမှားများပါခဲ့လျှင် သူငယ်ချင်းများ ခွင့်လွှတ်ပေးကြပါ )
အသုံးပြုပုံကတော့
iPhone မျက်နှာပြင် အပေါ်ဘက် အလည်တည့်တည့်မှာရှိတဲ့ sensor အပေါက်ငယ်(ရှေမျောမျောပုံစံရှိ)နေရာလေးအား လက်မဖြင့် မနှေးမမြန် နှစ်ချက်ပွတ်တိုက်ပေးရပါမယ်...
အချက်အရေအတွက်ဘယ်လောက်ပွတ်ရမယ်ဆိုတာကတော့ Sleeksleep ရဲ့ setting မှာချိန်ညှိပေးထားရပါမယ်...
***iPhone 4 နဲ့ 4S ကတော့ Sensor အားပျော့တဲ့အတွက် အသုံးမပြုစေချင်ပါဘူးလို့ ကျွန်တော့်အတွေ့အကြုံအရ ပြောပြပါရစေ......
သူငယ်ချင်းတို့အဆင်ပြေမယ်လို့ထင်ပါတယ်.... ကျွန်တော့်ကို အားပေးတဲ့အနေနဲ့ အောက်မှာ ကွန်မန့် ဖြစ်ဖြစ် လိုက် ဖြစ်ဖြစ် ထာပေးခဲ့စေချင်ပါတယ်....
ကျေးဇူးတင်ပါတယ်