ဒိတ်ဒိတ်ကြဲများရဲ့ အမြင့်ဆုံး Level မို့ထိန်သိမ်းရင်း ဂုဏ်ယူပါရစေ
မြတ်စွာဘုရား မပွင့်ခင်လက်ထက်ကတည်းက
ဈာန်ပျံ ရသေ့ ရဟန်း တွေဆီက စတင်ခဲ့တယ်လို့ ကြားသိထားတဲ့ ဒီဇာတာ
ဂြိုလ် တွေ ရာသီ တွေ ဆိုတာ သာမန် အသိဥာဏ် ရှိ လူသားတစ်ယောက်အနေနဲ့ ဖန်တီးပီးပြောနိုင်ပါ့မလား
ကောင်းကင် ရာသီစက်ဝန်းကို မော့ကြည့်ရုံနဲ့ မသိနိုင်တဲ့
ဒီပညာရပ်ဟာ ထူးခြားနက်နဲ မူ မြောက်မြားစွာ ရှိတဲ့ အတွက်
ဝမ်းမြောက်စွာနဲ့ Top Secrete ကနေ အမွေဆက်ခံ ပါရစေ.....
ကျွန်တော်ကိုတိုင် လေ့လာပီး ဖြစ်ပါသည်
အံ့မခန်း အစွမ်း ရှိသော ပညာရပ်တော်ကြီးမို့ လေးလေးစားစား ဦးထိပ်ပန် လျက်ပါ...
ကျွန်တော်၏ ဘ၀ ကို ယနေ့ထိတိုင် ထိန်းကျောင်း ပေးနေစဲ ပင် ဖြစ်ပါသည်....
ဒီ ခောတ်ပေါ် နည်းပညာဖြင့်ပေါင်းစပ်ပေးထားသော ဆရာဆရာမများကိုလည်း ဒီနေရာကနေ
ရှိခိုးဦးညွှတ်လိုက်ရပါတယ်.....

- ဒီ program လေးက ဒီလိုဖြစ်ပေါ်လာတယ်လို့ပါရှိပါတယ် သုံးထားတဲ့ စနစ်က သူရိယသိဒန်တ ကျမ်းလာ နည်းနိသျှအတိုင်း တွက်တာမဟုတ်ပါဘူး အနောက်တိုင်းစနစ်နဲ့တွက်ပါတယ် ဖေါ်ပြတော့ မြန်မာမှာသုံးတဲ့ နိယာယနစနစ်နဲ့ဖေါ်ပြထားပါတယ် ဒါ့ကြောင့် အယင်က program နဲ့ အနည်းငယ်ပဲကွဲလွဲပါတယ် နောက်ပိုင်းမှာ သုတေသနပြုထားတာတွေပါမယ်ထင်ပါတယ် အဲဒီဆရာကတော့ ဒီ program ကို ပိုနှစ်သက်ပါသတဲ့
- ကျွန်တော်ကတော့ အလွယ်ကြိုက်တဲ့သူမို့လားတော့ မသိဘူးဗျ ပိုမိုစုံလင်လို့ နှစ်ခြိုက်မိပါတယ် ဒီ program လေးကိုသုံးပြီး ဘာတွေ သုံးနှိုင်မလဲ ကြည့်ကြည့်ကြပါစို့
- new တောင်းယင်ပဲပေါ်လာတဲ့ box မှာ ကိုယ့်မွေးဒေသပါလားကြည့်ပြီး ပါယင်လွယ်လွယ်ကူကူနဲ့ ဖွဲ့လိုက်ယုံပါပဲ မပါယင်တော့ အောက်ပါပုံအတိုင်းအသစ်ထည့်နိုင်ပါတယ်

မြို့တည်နေရာကိုဖေါ်ပြခဲ့ပြီးပါပြီ အသစ်ထည့်တာကိုမှတ်ပေးပါလိမ့်မယ် calculate လိုက်ယင်
- ၁။ဘာဝစက်သတ်မှတ်ဖို့အတွက် ဘာဝအလယ်မှတ်(Mitzaမဇ္ဈ)နဲ့ ဘာဝနှစ်ခုကြားအစပ် (Thandiသန္ဒိ)ဇယား

- ၂။(ဂြိုလ်ရပ်ရာသီ Rathi)(ဂြိုလ်ရပ်ဘာဝ Bawa)(ဂြိုလ်ရပ်န၀င်း Nawin)(ဂြိုလ်ရပ်နက္ခတ် Natkhat)(ပုံမှန်သွားခြင်း Normalနဲ့ ပြောင်းပြန်သွားခြင်း Retro)တို့ကိုပြထားတဲ့အပြင် TG=တြိဂေါဏ OK=ဥစ် WA=၀ဂုတ္တမန၀င်း NA=နိစ်န၀င်း တို့ကိုပါပြထားပါသေးတယ်

- ၃။ရာသီစက် ဘာဝစက် န၀င်းစက်တို့ကိုလည်းပြထားပါတယ်
- ၄။ဝိသောတ္တရီဒသာစနစ်ရဲ့ ဒသာဇယား အန္တရဒသာဇယားနဲ့ ပြတ္တန္တရဇယားတွေတွက်ပေးပါတယ်
- ၅။Other ကနေ Ephemeris ကိုသွားယင် ခရစ်နှစ် ၁၈၀၀ နဲ့ ၂၄၀၀ အတွင်း ဂြိုလ်သွားပြက္ခဒိန် တစ်လစာကိုကြည့်နိုင်ပါတယ် ဘယ်အချိန်မှာ ဘယ်ဂြိုလ်ဘယ်နေရာရောက်မယ်ဆိုတာ ကြိုကြည့်နိုင်ပါတယ် ကောဇာတွက်ရာမှာသုံးနိုင်မှာဖြစ်ပါတယ်
မြန်မာနိုင်ငံအတွက် တွက်လိုတဲ့ နှစ်လထည့်ပြီးတွက်နိုင်ပါတယ်
နေ့စဉ်ဂြိုလ်ရပ်တည်ရာတွေကို သိနိုင်ပါတယ်
- ၆။Other ကနေ Planet Position ကိုသွားပြီး တွက်လိုတဲ့ဒေသရဲ့ ဂြိုလ်ရပ်ရာကို သိပ္ပံနည်းကျသိနိုင်ပါတယ်
- ဒီဇယားမှာ ပြထားတွေက အနောက်တိုင်းဗေဒင်စနစ် သာယနနဲ့သုံးတဲ့သူတွေ astronomy လေ့လာသူတွေအတွက် ဖြစ်ပါတယ် ကမ္ဘာ့ ၂၃.၅ ဒီဂရီတိမ်းပြီးသားကိုပါ စဉ်းစားထားပါတယ် From the center of earth to sky လို့သတ်မှတ်ပါတယ်
မြန်မာမှာသုံးတာက ကောင်းကင်မှ လက်ရှိမြင်နေတဲ့အတိုင်း ဂြိုလ်ရပ်ကိုပဲ ကြည့်ပါတယ် ရှေးအယူနဲ့ ရှေးအဟော ကိုက်နေမယ်လို့ထင်မိပါတယ်
- ရ။Other ကနေ Sun Rise/Set ကိုသွားယင် တွက်လိုရာဒေသရဲ့နေထွက်နဲ့နေ၀င် ချိန်တွေကို တလစာ သိနိုင်ပါတယ်
ပထမ Sun Rise/Set မှာက နေ၀န်းမျက်နှာပြင်ထိပ်ကို စမြင်စအချိန်နဲ့ နောက်ဆုံးမြင်ရတဲ့အချိန်ဖြစ်ပါတယ် (သူမှာ လေထုနှောင့်ယှက်မှုတွေကြောင့် အလင်းယိုင်မှုတွေပင်နေပါတယ်)
- ဒုတိယ Civil Twilight မှာက မိုးကုပ်စက်ဝိုင်းအောက် ၆ ဒီဂရီအကွာမှာနေရှိနေပြီး တောက်ပတဲ့ကြယ်တွေကို မြင်နေရချိန်ဖြစ်ပါတယ်
- တတိယ Natural Twilight မှာက မိုးကုပ်စက်ဝိုင်းအောက် ၁၂ ဒီဂရီမှာ နေရှိနေပြီး မိုးကုပ်စက်ဝိုင်းကို သိပ်မမြင်ရသေးပါဘူး ရောင်နီလာစ အလင်းရောင်ပျောက်ခါစ အချိန်တွေကိုပြပါတယ်
- စတုတ္တ Astrological Twilight ကတော့ မိုးကုပ်စက်ဝိုင်းအောက် ၁၈ ဒီဂရီမှာ နေရှိနေပြီး လုံးဝမှောင်နေတဲ့ အချိန်ဖြစ်ပါတယ်
- (၁.၁၂.၂၀၀၈)နေ့မှာ မြန်မာနိုင်ငံအလယ်ပိုင်းက ပခန်းကြီးဒေသအတွက် မနက် ၅:၁၂ မှာ အမှောင်စပျောက်မယ် ၅:၃၉ မှာ အလင်းရောင်လေးရလာမယ် ရောင်နီလာမယ် ၆:၀၇ မှာ လင်းပေမယ့်ကြယ်တွေကိုမြင်ရမယ် ၆:၃၁ မှာနေကိုစမြင်ရမယ် လို့ဆိုလိုပါတယ်
- ၈။Other ကနေ Dather Division ကိုသွားယင် ၀ိသောတ္တရီဒသာကို အလွယ်တကူခွဲလို့ရအောင် ကိန်းဆင်ထားပါတယ် ဥပမာထပ်ဆင့်ခွဲပြပါ့မယ်
တခါ ၁၁.၁၂.၂၀၈၅ နဲ့ ၂၉.၆.၂၀၈၈ ကြား ၂နှစ် ၆ လ ၁၈ ရက်ကို ၄ဟူးဒသာ ၈ဟု အန္တရဒသာကိုထပ်ခွဲယင် အောက်က ပြတ္တန္တရဒသာဇယားရလာပါမယ်
၁.၉.၂၀၈၆ နဲ့ ၂၆.၁.၂၀၈၇ ကြား ၄ဟူးဒသာ ၈ဟုအန္တရ ၀နေပြတ္တန္တရကို ထပ်ခွဲမယ်ဆိုယင်
ဒီဇယားရလာပြီး ၁၇.၁၁.၂၀၈၆ နဲ့ ၂၄.၁၁.၂၀၈၆ကြား ၇ ရက်ဟာ ၄,၈,၀,၁ ကာလဖြစ်ပါတယ်ခင်ဗျား လက်ရိုးဗေဒင်ဆရာများ ဒီပို့စ်လေးဖတ်ပြီး တွက်ရချက်ရသက်သာပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျား သိပြီးသားဆိုယင်လည်း ဆရာလုပ်တယ်လို့ ဗွေမယူအပြစ်မတင်ကြပါနဲ့ခင်ဗျား
Zartar (ဗေဒင်ဇာတာတော် )/download here(ပုံလေးကို ကလစ်ပီး ဒေါင်းသွားပါ)