သင့်ကိုအင်တာဗျူးမေးသူအား မပြောသင့်သည့်အချက်(၅)ချက်
အင်တာဗျူးဆိုတာမျိုးကဘာမှ စိတ်လှုပ်ရှားစရာတကယ်တော့မရှိပါဘူး။ သင့်အရည်အချင်းနဲ့ထိုက်တန်လို့သာ သင်အင်တာဗျူးခန်းထဲ ရောက်နေတာပါ။ ဒါပေမဲ့ ၀န်ထမ်းတော်တော်များများက စိတ်လှုပ်ရှားလေ့ရှိပါတယ်။ အကျိုးအဆက်အနေနဲ့မပြောသင့်မပြောထိုက်တဲ့ အချက်တွေ ပြောမိကြပါ တယ်။ ဒါကြောင့် မပြောသင့်မပြောထိုက်တဲ့ အချက်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။
(၁) “My current boss was a freak” or “I left the company because it was a bad place to work.” or “ My colleagues were bad”
အထက်ပါစကားများကိုမပြောမိပါစေနဲ့။အရင်က အလုပ်ရှင်အကြောင်းပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ဟောင်းများအကြောင်းဖြစ်ဖြစ်၊ မကောင်းမပြောမိပါစေနဲ့။ သင်ထိုအကြောင်းတွေ ပြောမိပါက သင်ဟာအတင်းအဖျင်းပြောတတ်သူ၊အဆိုးမြင်သူ၊သူများမကောင်းကြောင်းနောက်ကွယ် မှာပြောတတ်သူအဖြစ် အထင်မြင်ခံရနိုင်ပါတယ်။ သင့်အနာအဂတ်အတွက်တိုးတက်ချင်လို့ အလုပ်ပြောင်းချင်ကြောင်း သို့မဟုတ် အသင်မွေးဝမ်းကြောင်းပြောင်းချင်လို့ဖြစ်ကြောင်း ပြောနိုင်ပါတယ်။ ဥပမာအနေနဲ့ “I’m looking for a new challenge to improve my career” လို့ပြောနိုင်ပါတယ်။
(၂) “How much vacation can I get?” “What’s the bonus structure like?”
အထက်ပါမေးခွန်းများမေးခြင်းဖြင့် သင့်ဟာ အလုပ်ပေါ်မှာအာရုံစိုက်ဖို့ထက် အခြားရနိုင်မည့်အခွင့်အရေးများကိုသာအာရုံစိုက်သူတစ်ယောက်အဖြစ်အထင်အမြင်ခံရနိုင်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးတွေအဆင့်ဆင့်ဖြေလာပြီး သင်ကိုအင်တာဗျူးမေးသူက သင့်ကိုအလုပ်ခန့်ဖို့ သေချာသလောက်ဖြစ်နေရင်တော့ သင်ထိုကိစ္စတွေကိုဆွေးနွေးနိုင်ပါတယ်။ဒါပေမဲ့ သင့်ကိုအလုပ်ခန့် ခန့်ဖို့မသေချာသေးသ၍ အထက်ပါကိစ္စများကိုမဆွေးနွေးသင့်သေးပါ။
(၃) “How much longer will this interview take?” or “I have another appointment soon” or “Do you mind if I make a quick phone call?”
အထက်ပါမေးခွန်းများမေးခြင်းက အင်တာဗျူးမေးသူပေါ်ကိုမလေးစားရာကျပါတယ်။ ဖုန်းကပိတ်ရင်ပိတ်ထားဒါမှမဟုတ် silent mode လုပ်ထားသင့်ပါတယ်။ နောက်ထပ်ချိန်းထားတဲ့ ကိစ္စရှိတယ်ဆိုရင်လဲ စချိန်းကတည်းက အချိန်ကိုခွာပြီးချိန်းထားသင့်ပါတယ်။
(၄) “I don’t want to work late” or “I’d rather not learn Microsoft Excel” အထက်ပါအချက်များကိုမပြောသင့်ပါဘူး။ သင်နောက်ကျတဲ့အထိအလုပ်မလုပ်ချင်ဖူးဆိုရင်လဲ သင့်ကိုအလုပ်ကမ်းလှမ်းတဲ့အခါကျမှသာ ဆွေးနွေးသင်ပါတယ်။ သင်မကျွမ်းကျင်သေးတဲ့အရာတွေကို မသင်ယူချင်ကြောင်း မပြောသင့်ပါဘူး။ သင်ဟာတိုးတက်ဖို့အတွက် ကြိုးစားချင်စိတ်မရှိသူ တစ်ယောက်အဖြစ်အမြင်ခံရနိုင်ပါတယ်။ အလုပ်မှာခရီးသွားရဖို့ရှိလား ဆိုတဲ့မေးခွန်းမျိုးတော့ မေးလို့ရပါတယ်။
(၅) “I don’t have any questions for you.”
သင့်ကိုအင်တာဗျူးမေးသူက သင့်မှာမေးခွန်းမေးဖို့ရှိသလားလို့ အင်တာဗျူးပြီးခါနီးမှာ မေးတတ်ပါတယ်။ အင်တာဗျူးမေးသူကို တစ်ခုခုမေးဖို့မေးခွန်းကို ကြိုတင်ပြင်ဆင်သွားသင့်ပါတယ်။ မေးခွန်းလုံးဝမမေးခြင်းက အလုပ်ပေါ်ကိုစိတ်မ၀င်စားရာကျပါတယ်။ အလုပ်တစ်ခုကိုတကယ် စိတ်ဝင်စားသူအတွက် အနည်းဆုံးမေးခွန်းတစ်ခုလောက်မေးသင့်ပါတယ်။ ဥပမာ “When can I expect to hear from you” or “If I’m offered a job offer, how soon would you like me to start?” လို့ပြောလို့ရပါတယ်။