BREAKING NEWS

တကယ်ပဲ ဘာလုပ်လုပ် လုပ်ပေးမှာလား

တကယ်ပဲ ဘာလုပ်လုပ် လုပ်ပေးမှာလား







ချောမောလှပသော
ေေ ကျောင်းသူတစ်ယောက် ပါမောက္ခရုံးခန်းထဲသို့ ၀င်လာသည်။

အခန်းပြင်ပသို့ တစ်ချက် ကြည့်လိုက်ပြီးနောက် တံခါးကို ပိတ်လိုက်သည်။

ထို့နောက် ပါမောက္ခရှေ့ ဒူးထောက်ပြီး သနားစဖွယ်လေသံဖြင့် “ကျွန်မ ဒီစာမေးပွဲ အောင်အောင် လုပ်ပေးရင် ဘာမဆို လုပ်ပေးရစေဆရာ”

ဟု ပြောလိုက်သည်။ထို့နောက် ပါမောက္ခအနား တိုး၍ ဆံပင်ကို နောက်သို့ လှန်ကာ တင်လိုက်သည်။ မျက်ဝန်းထဲမှာ အဓိပါယ်ပါပါဖြင့် ကြည့်ကာ

“ကျွန်မ တကယ်ပြောတာပါ။ဆရာ . .ကျွန်မ ဘာမဆို လုပ်ပေးရ၊ လုပ်ပေးရ ပါ” ။

ပါမောက္ခမှ ကျောင်းသူအား တစ်ချက်ပြန်ကြည့်လျက် “တကယ်ပဲ ဘာလုပ်လုပ် လုပ်ပေးမှာလား” ဟု

တိုးညှင်းစွာ ပြန်ပြောသည်။ ကျောင်းသူမှ ၀မ်းသာအားရဖြင့်

“တကယ်..ဆရာ..တကယ်လုပ်ပေးမှာပါ..ဘာပဲဖြစ်ဖြစ်”

ထိုအခါ ပါမောက္ခမှ မျက်လုံးလှန်ကြည့်လိုက်ပြီး လေသံတိုးတိုးလေးဖြင့် “ဒါဆို . . .စာမေးပွဲအောင် အောင် စာကြိုးစားပါ”
 
Copyright © 2018 Tech Way Powered By .