မြန်မာပြည့်မှာ spy ပစ္စည်းတွေ ရနိုင်တဲ့ဆိုင် လူတိုင်းသိထားသင့်ပါတယ်
Posted by Techno Pidia in General Knowledge spy
လူတိုင်းသိထားသင့်ပါတယ် တိုးတက်နေတဲ့ခောတ်ကြီးမှာ စိတ်ကွယ်ရာအရပ်ဆိုတာမရှိတော့ပါဘူး
Inter; Pol တို့ FBI တို့ စတဲ့ အလင်းလောကသားတွေက အကောင်းအတွက် အသုံးပြုတဲ့ ဒီခေတ်ပေါ် အထောက်အကူပစ္စည်းလေးတွေ ပေါ့
အဲဒါပေမယ့် ယုတ်မာတဲ့ လူတွေလက်ထဲ တနည်းအားဖြင့် အမှောင်လောကသားတွေကျတော့လဲ့ သူတို့ရဲ့ ကိုယ်ကြိုး စီးပွားအတွက်သုံးကြပြန်ရော....
ဒါ့ပြင် လက်တည့်စမ်းချင်တဲ့သူ စူးစမ်းချင်တဲ့လူ လက်ဆော့ ကလိ အရူးထချင်တဲ့လူတွေကလည်း ရှိသေး
ဒါကတော့သူတို့ အပိုင်းပေါ့လေ ခင်ဗျာတို့ကျုပ်တို့လို ကိုယ်ထမင်းကိုယ်စားပြီး သမာအာဇီဝနဲ့ အသက်မွေးကြသူ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ အတွက်က တိုးတက်လာတဲ့ ခေတ်ရေးစီးကြောင်း တွေကို သိရှိနားလည်ထားပြီး လိုက်လျောညီထွေဖြစ်တဲ့ အလယ်အလတ်လမ်းကို လိုက်သင့်ပါတယ်...
ဒါမှလဲ အလိမ္မာနဲ့ ပညာသားပါပါ ပါးပါးနပ်နပ် အရေးကြုံရင် ရှောင်တိမ်းနိုင်မာကိုး.....
ဒီနေ့ခေတ်ကြီးမှာ ဒီ spy ပစ္စည်းတွေဟာအင်မတန်ထိရောက်ပီးကြောက်စရာကောင်းလှပါတယ် သူတို့အတွက်နဲ့ အောင်ပွဲဆင်နိုင်ခဲ့တဲ့ အရားမျှတတဲ့တိုက်ပွဲတွေ ရှိခဲ့သလို
ဒီပစ္စည်းတွေကြောင့် ဘ၀ပျက်သွားတဲ့ ဓားစားခံ ယောကျာင်္းမိန်းမတွေလဲများလှပါတယ်...
ဒီနေရာမှာအဓိကမှာချင်တာကတော့ ကျွန်တော်တို့တွေ ခေတ်နောက်မကျလေအောင် ဒီလို လမ်းပွင့်စေတဲ့ ဒီ ဆိုင်မျိုးတွေကို အားပေးသင့်ပါတယ်....မ၀ယ်ဘူးဆိုရင်တောင် ခေတ်ဗဟုသုတအဖြစ် လူကြီးလူငယ်မရွေး ယောက်ကျာင်္းမိန်းမ မရွေးသွားရောက် လေ့လာသင့်ပါကြောင်း..............