BREAKING NEWS

why more and more people round the world are rooting their Android devices: ဘာကြောင့် Android ဖုန်းတွေကို Root လုပ်ကြသလဲဆိုတာလေးပါ

ဘာကြောင့် Android ဖုန်းတွေကို Root လုပ်ကြသလဲဆိုတာလေးပါ


 Here are just a few of the reasons why more and more people round the world are rooting their Android devices:
  1.     Access more apps
  2.     Preserve battery life
  3.     Faster performance
  4.     Wi-Fi and Bluetooth tethering
  5.     Install custom ROMs
  6.     Access blocked features
  7.     And so much more.
  1.     ဆော့ဝဲတွေအများအပြားထည့်သွင်းရန် 
  2.     ဘတ္ထရီသက်တမ်းရှည်ကြာစေရန် 
  3.     သွက်လက်မြန်ဆန်သောဖုန်းတလုံးဖြစ်စေရန်
  4.     ၀ိုင်ဖိုင် နဲ့ ဘလူးတုကို ကျယ်ကျယ်ပြန့်ပြန့်သုံးရန်
  5.     စိတ်ကြိုက် ဖုန်းပုံစံအမျိုးမျိုး အဖြစ်ပြောင်းလဲတပ်ဆင်အသုံးပြုရန်   
  6.     ကန့်သတ်မရှိ စိတ်တိုင်းကျ အသုံးပြုရန်
စသဖြင့် ထူးခြားများပြားသော ရည်ရွယ်ချက်များကြောင့်ပါခင်ဗျာ



1. Total control over system

root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။

root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို

တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။

( ဥပမာ : Android phone / tablet ကို root လုပ်ပြီး

system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )

2. Remove Unwanted apps

ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။

တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့

phone memory ကိုအလဟဿဖြစ်စေပါတယ်။

ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့

applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။

3. Change Themes

ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။

နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။

ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက

ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့

သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။

4. Backup Whole System

Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ

သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။

အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီး

SD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?

OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။

သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။

သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။

5. Installing Special Applications

Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications

တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။

( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )

အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။

6. Install New ROM , Interference

သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)

အခြား New Rom အသစ်သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကို

ချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့

ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။

အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။

ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်း

အနည်းအကျဉ်းသဘောပေါက်လောက်ပါပြီ။

အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
Source: http://www.myanmarmobileapp.com
credit to ;it ကိုထိုက် 
 
Copyright © 2018 Tech Way Powered By .