မြန်မာစာ ဘာသာပြန် ဝန်ဆောင်မှုရပါပီ
Google ၏ နာမည်ကျော် ဝန်ဆောင်မှု တစ်ခုဖြစ်သည့် ဘာသာပြန် (Google Translate) ဝက်ဘ်ဆိုဒ်တွင် မြန်မာဘာသာမှ အခြားဘာသာများသို့ လည်းကောင်း အခြားဘာသာများမှ မြန်မာဘာသာသို့ လည်းကောင်း ဘာသာပြန်ခြင်းကို စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။
Google အနေဖြင့် လွန်ခဲ့သော လအနည်းငယ်က စတင်ပြီး အလွတ်တမ်း ပါဝင်ရေးသားသူများ၏ အကူအညီဖြင့် မြန်မာစာ ဘာသာပြန် ဝန်ဆောင်မှုအား စတင်အကောင်အထည် ခေါ်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အပြီးသတ်နိုင်ခဲ့သည်။
ဤ ဝန်ဆောင်မှုအား အသုံးပြုရန် google.com/translate သို့ သွားရောက်ရမည်ဖြစ်ပြီး မူရင်းဘာသာ အကွက်ထဲ၌ မြန်မာဘာသာဖြင့် ရိုက်သွင်းပြီး အင်္ဂလိပ်၊ စပိန်၊ ပြင်သစ် စသည်ဖြင့် အခြားဘာသာပေါင်း ၉၀ သို့လည်းကောင်း မိမိနှစ်သက်ရာ ဘာသာကိုရိုက်သွင်းပြီး မြန်မာဘာသာသို့ လည်းကောင်း လွယ်ကူစွာ ဘာသာပြန်နိုင်ပြီ ဖြစ်သည်။
Google Translate ထဲတွင် Google ၏ Algorithm အရ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ အကြား ပြောင်းလဲမှုကိုသာ ထည့်သွင်းပေးရပြီး အခြားဘာသာများ သို့/မှ ကူးပြောင်းရာတွင် အင်္ဂလိပ်ဘာသာကို ကြားခံအဖြစ်ထားပြီး အလွယ်တကူ ဘာသာပြန်ပေးနိုင်ခြင်း ဖြစ်သည်။
ဒီလင့်ကိုကလစ်ပြီးသွားရောက်ဘာသာပြန်ဆိုနိုင်ပါတယ်