ios 7.1.1 , 7.1.2 jailbreak နဲ့ 25PP app store
ဒီ ios 7.1.1 ,7.1.2 တွေကို Pangu tools ကိုသုံးပြီး computer ကနေ jailbreak လုပ်လိုက်ရင်
သေသေချာသတိမထားပဲ လုပ်လိုက်ရင် PP ဆိုတဲ့ တရုတ် app store ပါရနေတတ်ပါတယ်.......
တကယ်တော့ ဒီ PP ကအကောင်းဆုံး free ရတဲ့ play store ပါ....
iphone ipad ipod တွေအတွက် applications တွေကို ဈေးကြီးပေးစရာမလို
မည်သည့် နေရာတွေ လင့်တွေမှာ သွားစရာမလိုပဲ
direct ထည့်သွင်းလို့ ရတဲ့ စတို တစ်ခုပါ.....
နံမည်ကြီး မြန်မာ media online လောကနဲ့ စီးပွားရေးသမား ဆရာကြီးတွေ ဒီ 25PP app store ကို မသိတာလား သိုသိပ်နေတာလားဆိုတာတော့ ဒီ Top Secret ကနေ ဝေဖန်ပါရစေ.....
(မသိတာပဲများမယ်ထင်မိပါတယ်)
top screte ရဲ့ အောက်ပါလင့်က ပို့စ် ဟောင်း တစ်ခုမှာ သွားလေ့လာလို့ရပါသေးတယ်...
http://myanmartechnician.blogspot.sg/2014/07/iphoneipadipod-25pp-store-english.html#.U8Hu37GoApo
အဲ ဒီလိုမှမဟုတ်ရပါဘူး....
မကြိုက်ပါဘူး
မသုံးတတ်ပါဘူး
နားမလည်ပါဘူး
ဒီ PP ဆော့ဝဲလ်ကြီးကို ဖြုတ်ပစ်ချင်တယ်....
ဘယ်လိုဖြုတ်ကမလဲသိချင်တယ်ဆိုသူတွေအတွက်တော့ ဖြုတ်ထုတ်နည်းလေးကတော့
iOS 7.1.1 Jailbreak လုပ်လိုက်တဲ့အခါပါလာတဲ့ PP ဆော့ဝဲအားဖျက်ပစ်ချင်သူတွေအတွက်ပါ။
အရင်ဆုံး Cydia ကို ဖွင့်လိုက်ပါ
Searchbox ထဲမှာ pp လို့ရိုက်လိုက်ပါ။
အစိမ်းရောင်အမှန်ခြစ်လေးနဲ့ PP…2.0 ဆိုတာလေးကိုတွေ့ရပါမယ်။
အဲဒီထဲကိုဝင်လိုက်ပါ။
ညာဘက်အပေါ်ထောင့်မှာ Remove ဆိုတာကိုတွေ့ရပါမယ်။
Remove ကို သွားမယ် ပြီးရင်
Confirm ကို သွားပါမယ်....
ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း ဖြစ်သွားပါလိမ့်မယ်
အဲဒါက ဒီ pp ဆော့ဝဲလ် ကို ဖြတ်လိုက်ပြီဖြစ်ပါတယ်ဗျာ....
အဲတာကတော့ Jailbreak လုပ်ချိန်မာ ကိုယ်ကိုတိုင်သေသေချာချာ ဂရုမစိုက်ပဲ
လုပ်မိလို့ ဖြစ်ရတာပါ...
Jailbreak လုပ်ချိန်မှာ ဒီ PP ဆော့ဝဲကို မပါလာစေချင်ရင် Pangu Jailbreak Tool နဲ့ Jailbreak မလုပ်ခင်မှာ အောက်ပုံမှာပြထားတဲ့အတိုင်း အမှန်ခြစ်ထားတာကိုဖြုတ်ထားခဲ့ ရပါမယ်ဗျာ.....