BREAKING NEWS

Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀) ချက်

Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀) ချက်

Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀) ချက် ဆိုတဲ့ပို့စ်မှာ ကျနော်ရေးခဲ့တဲ့အတိုင်း အချို့အချက်တွေမှာ Android က တကယ်သာလွန်ကောင်းမွန်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ သို့သော် အရာရာတိုင်းမှာ "တခြားတစ်ဖက်ကကြည့်ရင်" ဆိုတဲ့စကားရှိတဲ့အတိုင်း Android ထက်သာတဲ့အချက်တွေ iPhone မှာရှိနေဆဲပါပဲ။ ဒီပို့စ်မှာ ကျနော် Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀)ချက် ကိုရေးပြချင်ပါတယ်။

(၁) App ရွေးချယ်မှု နှင့် အရည်အသွေး
Apple ရဲ့ App Store ဟာ Google Play နဲ့ Amazon တို့ရဲ့ App Store တွေနဲ့ ယှဉ်ရင် ပိုကောင်းနေဆဲဖြစ်ပါတယ်။ Store ရဲ့ Design သာမက App တွေရဲ့ အရည်အသွေးမှာပါ ကွာဟမှုရှိနေဆဲပါ။ Apple ဟာ သူ့ရဲ့ Store ကနေ မကောင်းတဲ့(အဖျက်) App များကို အမြဲရှင်းထုတ်ပေးနိုင်ပြီး အကောင်းဆုံးများကိုသာ User တွေဆီ ဆောင်ကျဉ်းပေးနိုင်ပါတယ်။

(၂) App နှင့် Game များကို Android ထက်စောပြီး ရရှိနိုင်ခြင်း
App နဲ့ Game Developer များဟာ သူတို့ရဲ့ App နဲ့ Game များကို Apple ရဲ့ iOS အတွက် အရင် ထုတ်လုပ်တဲ့သူများ အများစုဖြစ်နေတာတွေ့ရပါတယ်။ iOS မှာ အရင်ထုတ်ပြီးမှ Android မှာ Developed လုပ်ကြတာ တွေ့ရပါတယ်။ ဒီထဲမှာ Facebook, LinkedIn, Evernote စတဲ့ နာမည်ကြီး App တွေပါ အပါအဝင်ပါ။ ဒါကြောင့် iOS မှာ App နဲ့ Game များကို ပိုပြီးစောစောရနိုင်တဲ့ အားသာချက်ရှိနေပါတယ်။

(၃) Touch Control ကောင်းမွန်ခြင်း
Android အသုံးပြုတဲ့ Samsung Galaxy S II ဟာ ကမ္ဘာ့အမြန်ဆုံး Touch Screen ဖုန်းဆု ရခဲ့ပါတယ်။ ဒါပေမယ့်လဲ OS ခြင်း ယှဉ်လိုက်တဲ့အခါမှာ iOS ဟာ Ice Cream Sandwich ထက်ပိုပြီး Touch Control အသာရနေတာတွေ့ရပါတယ်။ iOS ဟာ စတင်ထုတ်လုပ်တဲ့ 2007 ကနေ ယနေ့ 2012 အထိ Touch Quality ကို ထိမ်းထားနိုင်တာတွေ့ရပါတယ်။

(၄) ရုပ်ရှင် နှင့် သီချင်းများကို အလွယ်တကူ ရယူနိုင်ခြင်း
Apple iTunes ဟာ Google Play ထက် ရုပ်ရှင်၊ သီချင်းနဲ့ တီဗွီအစီအစဉ်တွေ ပိုမိုထောက်ပံ့ပေးနိုင်တာ ငြင်းစရာမလိုတဲ့အချက်ဖြစ်ပါတယ်။ ဒါ့အပြင် iCloud နည်းပညာကြောင့် Device တစ်ခုကနေ ဝယ်ယူခဲ့တဲ့ Program ကို အခြား Device တစ်ခုမှာ အလွယ်တကူထည့်သွင်းနိုင်တာဟာလဲ အရမ်းကောင်းတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ iTunes ကိုမှီဖို့ Google Play အနေနဲ့ အတော်ကြိုးစားရဦးမှာပါ။

(၅) Software Update အလွယ်တကူ ရနိုင်ခြင်း
Galaxy Nexus နဲ့ စတင်မိတ်ဆက်ခဲ့တဲ့ Android 4.0 ဟာ အခြားဖုန်းတွေမှာ ထည့်သွင်းနိုင်ဖို့ လတော်တော်ကြာကြာ စောင့်ခဲ့ရတာ မှတ်မိကြမှာပါ။ iOS မှာတော့ Software Update ကို စတင်ကြေညာတဲ့အချိန်မှာပဲ Upgrade လုပ်နိုင်ပါတယ်။ Apple ဟာ Hardware ရော Software ပါ အတူတကွ ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့အတွက် အကောင်းဆုံးနဲ့ အဆင့်အမြင့်ဆုံး iOS ကို သင်အမြဲ အသုံးပြုနေနိုင်ပါတယ်။

(၆) iCloud အသုံးပြု၍ Automatic Backup လုပ်နိုင်ခြင်း
iOS5 ကို အသုံးပြုပြီး App များ၊ သီချင်း နဲ့ ဓါတ်ပုံများ အစရှိတဲ့ သင့် Data များကို iCloud မှာ Auto-Backup လုပ်နိုင်ပါတယ်။ ဒါကြောင့် သင့် Device ကို Reset လုပ်ပြီးတဲ့အခါမှာတောင် Apple ID နဲ့ iCloud ကို Log-in ဝင်ပြီးတဲ့အခါ Data ဆုံးရှုံးမှုမရှိဘဲ အလွယ်တကူ ပြန်လည်ဒေါင်းလုတ်ရယူနိုင်ပါတယ်။
(ဒိုင်လျှို လေး နဲ့ ထောက်လှမ်းပေးနေ မယ့် Apple iDevice များရဲ့ android တွေထက်အမြဲ သာလွန်နေတဲ့ နည်းပညာ ကို ဆက်လက် ဖတ်ရှု့ပေးစေချင်ပါတယ်)

(၇) Mail Inbox များကို ပေါင်းစပ်အသုံးပြုနိုင်ခြင်း
Apple ရဲ့ Email Inbox မှာ သင်အသုံးပြုသမျှ Mail များရဲ့ Inbox များကို တစ်နေရာတည်း Access လုပ်နိုင်ပါတယ်။ သင့်ရဲ့ Mail အားလုံးရဲ့ Inbox များအားလုံးက ဝင်လာသမျှ Email များကို တစ်နေရာတည်းမှာ ဖတ်နိုင်၊ ပြန်နိုင်၊ သိမ်းဆည်းနိုင်ခြင်းအားဖြင့် Mail တစ်ခုထက်ပိုပြီးအသုံးပြုသူများအတွက် အရမ်းအဆင်ပြေတဲ့အချက်ဖြစ်ပါတယ်။ Android 4.0 ICS မှာ မရသေးပါဘူး။ (4.1 မှာတော့ Different Inbox တွေခွဲပြီး အသုံးပြုလို့ရပါပြီ။ Inbox တစ်ခုတည်းမှာတော့ သုံးလို့မရသေးပါ)

 (၈) Clean ဖြစ်တဲ့ Design
ဟုတ်ပါတယ်။ ကျနော်ရေးခဲ့သလို iOS မှာ Home Screen တွေWidget တွေကို ပြင်ဆင်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့်.. အဲဒါရဲ့ ရလဒ်ကတော့ ရှင်းလင်းသပ်ရပ်ပြီး စတိုင်ကျတဲ့ Home Screen Design ပဲဖြစ်ပါတယ်။ ICS မှာ ဘယ်လိုလှပကောင်းမွန်တဲ့ Animation တွေပါဝင်နေပါစေ၊ iOS ရဲ့ သန့်ပြန့်တဲ့ Design ဟာ ဆွဲဆောင်မှုရှိနေဆဲပါ။

(၉) User Interface (UI) ရဲ့ အဆင့်အတန်း
iOS မှာပါဝင်တဲ့ User Interface (UI) ဟာ သုံးစွဲသူ User တိုင်းကို စိတ်ကျေနပ်စေပါတယ်။ Mail စစ်မလား၊ ဖုန်းပြောမလား၊ SMS ပို့မလား၊ သီချင်းနားထောင် ရုပ်ရှင်ကြည့်မလား၊ အားလုံးကို အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်တာဟာ iOS UI ရဲ့ အရမ်းကောင်းတဲ့အချက်တစ်ခုပါ။

(၁၀) ခလုတ်တစ်ခုသာလိုအပ်ခြင်း
Android ဖုန်းတွေမှာ Back နဲ့ Settings လို Function Key တွေ ပါဝင်ပေမယ့် Apple မှာတော့.. သင် လုပ်ချင်တာတွေ လုပ်နိုင်ဖို့ ခလုတ်တစ်ခုသာ လိုအပ်ပါတယ်။

http://phoesanay.blogspot.sg ကနေကူးယူဖော်ပြပေးထားတာပါ



သူငယ်ချင်းတို့အဆင်ပြေမယ်လို့ထင်ပါတယ်....                  ကျွန်တော့်ကို အားပေးတဲ့အနေနဲ့ အောက်မှာ ကွန်မန့် ဖြစ်ဖြစ် လိုက် ဖြစ်ဖြစ် ထာပေးခဲ့စေချင်ပါတယ်....
                ကျေးဇူးတင်ပါတယ်

 
 
Copyright © 2018 Tech Way Powered By .