BREAKING NEWS

Apple iCloud Find my iphone ကနေ ထောက်လှမ်းရေး လုပ်ကြမယ်

ဒီနေ. သားသမီး ညီအကို မောင်နှမတွေ ချစ်သူတွေ နဲ့ အငယ်လေးတွေ handset ဖုန်းပူဆာလို့မဖြစ်မနေ ဝယ်ပေးရမယ်ဆိုရင်...
အဲတဖက်ကလဲ သူတို့တွေကိုမိမိထိန်းချုပ်မှု့အောက်ကပျောက်သွားမှာစိုးရင်
ယုတ်စွအဆုံး မိမိဖုန်း သူခိုးခိုး ခံရရင်တောင်မှ အဝေးကနေ ထိန်းချုပ်စေခိုင်းလို့ရမယ့် ခောတ်မှီနည်းပညာ
တစ်ခုပါ........

(၁) မိမိနဲ့မိမိ ကွပ်ကဲမယ့် Device က apple device(iPhone,iPod,iPad)ဖြစ်ရပါမယ်
(၂) အင်တာနက် ချိတ်ဆက်နေရပါမယ်
(၃) Device တွေရဲ့ iCloud account မှာ မိမိ တဦးဆည်းရဲ့ Apple iCloud ID နဲ့ password ထည့်ထားရပါမယ်
(၄)device တွေရဲ့ setting တွေမှာ location service ကို on ထားရပါမယ်
(၅)device တွေရဲ့ iCloud setting ထဲမှာ find my iPhone ကို on ထားရပါမယ်
(၆) ပြီးရင်တော့ မိမိ device မှာ Find My iPhone ဆိုတဲ့ Application ကို Apple ရဲ့ iTune Store/ App Store ကနေ ဒေါင်းလုပ်ရယူပြီး install လုပ်ထားရပါမယ်
(၇) Find my iPhone Application ကိုဖွင့်ပြီးတော့ Apple ID ရဲ့ user name နဲ့ password ကို ဝင်ရပါမယ်..(မိမိထိန်းချုပ်လိုသော Device အားလုံးနဲ့တူညီသော Apple ID ဖြစ်ရပါမယ်)
   ဒါဆိုရင်တော. မိမိ ဖုန်း (သို) အိုင်ပတ် ရဲ့ Rader ပေါ် တခြား အဝေးရောက်နေတဲ့ iDevice တွေကို မြင်နေရပီဖြစ်ပါတယ်...
   ထိုမှတဆင့်
     Location တွေကိုကြည့်လို့ရခြင်း
      တခြားDevice Battery ဘယ်လောက်ရှိသေးလဲဆိုတာကိုပါ ကြည့်လို့ရခြင်း
     အဝေးမှလှမ်းပြီး lock ချခြင်း
     အသံ alarm ပို့လွှတ်ပြီး ရှာဖွေခြင်း
   သူခိုး ခိုးခံရရင်တောင်မှ. အဝေးမှလှမ်းပြီး data နှင့် device တခုလုံးအား နောက်လူအသုံးပြုမရအောင် ဖျက်စီးပြစ်ခြင်း
    မိမိဆီပြန်လည်ရောက်ရှိလာပါက. မိမိ password အားဖြည့်သွင်းကာ မိနစ်ပိုင်းလောက် စောင့်ပြီး Reactivate လုပ် သုံးစွဲ လို့ ရခြင်း...
   

 စသဖြင့်.   ဒီနည်းပညာအား.  မသိသေးသူများသို့. ထပ်လောင်းပြီး ဖြန့်ဝေလိုက်ပါရစေ
မိမိလက်ထဲမှာ မည်သည့်iDevices မှမရှိရင်လဲစိတ်မပူပါနဲ့ www.iCloud.com ကနေ ဝင်ရောက်ထိန်းချုပ်လို့ရပါသေးတယ်...
အဓိက ကတော့ မိမိရဲ့iCloud username နဲ့ password ကိုမသမာတဲ့သူတွေလက်ထဲ မရောက်အောင်ထိန်းသိမ်းပါလို့လဲ မှာပါရစေ


သူငယ်ချင်းတို့အဆင်ပြေမယ်လို့ထင်ပါတယ်....                  ကျွန်တော့်ကို အားပေးတဲ့အနေနဲ့ အောက်မှာ ကွန်မန့် ဖြစ်ဖြစ် လိုက် ဖြစ်ဖြစ် ထာပေးခဲ့စေချင်ပါတယ်....
                ကျေးဇူးတင်ပါတယ်







 
Copyright © 2018 Tech Way Powered By .