သေ မယ့်နေ့ကို တွက်ကြည့်ရအောင် :P
ဒီအကြောင်းလေးကို မြန်မာမိသားစုဖိုရမ် မှာ ဖတ်မိတာပါ ...။ လူတိုင်း မသိချင်ပေးမယ့် စိတ်ဝင်စားတဲ့ အရာလေးတစ်ခု ဖြစ်မယ်ထင်ပါတယ် ...။ ယုံကြည်စရာ မရှိပေမဲ့ စမ်းသပ်ကြည့်ဖို့တော့ လိုလားကြ မှာပါ။ သိပ်မခက်ခဲပါဘူး ...။ အောက်က Link လေးထဲသို့ ၀င်လိုက်ပါ။
http://www.deathclock.com/index.cfm
အဲဒီ Site ထဲမှာ
Day of Birth:
Month of Birth:
Year of Birth:
Sex: Mode:
BMI*:
Smoking Status:
တွေကို ဖြည့်ပေးလိုက်ရုံနဲ့ ကိုယ်သေမယ့်နေ့ကို တွက်ကြည့်လို့ရပါပြီ ...။
၏FreeIdea တွက်ကြည့်တာတော့ Wednesday, April 30, 2053 တဲ့ဗျာ ....။
အောင်မလေး .... တော်တော်နေရအုံးမှာဘဲ .... :P ဖိုရမ်ထဲမှာ တစ်ယောက်တစ်ပေါက် ပြောကြတာလေးတွေထဲက တစ်ချို့ကို ပြန်ပြောချင်ပါသေးတယ် ... မေဦးမွန် ဟဲဟဲ.. ၀မ်းသာရမှာလား. ၀မ်းနည်းရမှာလားတော့ မသိဘူး... တွက်ကြည့်လိုက်တာ.....
Monday, December 30, 2058 တဲ့.. ဖြစ်နိုင်ပါတယ်.. လူ့သက်တမ်းလဲ အဲလောက်ပဲရှိတာ.. ကဲ အောင်ဟိန်းအေးရေ.. သယ်ရင်းထက် နောက်ထပ် ၁၀နှစ်ထပ်နေရဦးမှာ.. အမွေလေး ဘာလေးပေးခဲ့နော်... အခုက သေမယ့်နေ့တွေက တနင်္လာတွေချည်းဖြစ်နေတယ်.. ကျန်တဲ့ သူငယ်ချင်းတွေလဲ စမ်းသပ်ကြည့်ပါဦး.. မောင်ပေါ်ဦး ငရဲမင်းကြီးတင်ထားဆိုက်လားဗျ ဘုရားပြောသလိုပါပဲသေမယ်နေ့ကိုဘယ်သူမှတွက်ဆပေးလိုမရဘူး ဘယ်နေ့သေမယ်ဆိုတာမသိနိုင်ပါဘူး ကျွန်တော် သူငယ်ချင်တစ်ယောက်ပါ ဗေဒင်ကသေမယ်ဆိုလို့ အဆောင်တွေ လုပ်လိုက်ရတာ ငွေတွေသောက်သောက်လဲကုန်ပါတယ် ဒါပေမဲ့ ပိုက်ဆံမရှိတော့ မလုပ်နိုင်တော့သေလားမေးကြည့်မသေပါဘူး ဘယ်အချိန်သေမယ်ဆိုတာ တရားသဘောနဲ့ပြောမယ်ဆိုရင်တော့ အတိတ်ဘ၀ကံနဲပဲသက်ဆိုင်ပါတယ်လို့ထင်တယ်ပါ ကောင်းမူတွေလုပ်နိုင်အောင်ကြိုးစားကြပါအသက်ရှည်မှာပါ အသက် ရာကျော်ရှည်ပါစေလို့ဆုတောင်းပေးပါတယ် မှားတာရှိရင်ခွင့်လွတ်ပါ မောင်အောင်ဟိန်းအေး တွက်တဲ့သူတွေ မများသေးခင် စည်းကမ်းချက်တစ်ခုထုတ်လိုက်ဦးမယ်။ “အမွေရချင်စိတ်ဖြင့် သင့်ယောက္ခမ၏ သေမည့်နေ့အား တွက်ချက်ခြင်းမပြုလုပ်ရ” တွက်ထားကြောင်း စုံစမ်းစစ်ဆေးသိရှိပါက ကျေးဇူးရှင်အားပြစ်မှားမိသဖြင့် ဒဏ်ကြေး ထိုင်ထ သုံးကြိမ် ပြုလုပ်ရမည်။ ကဲ မိတ်ဆွေတို့လည်း တွက်ကြည့်ပြီးလို့ ရတဲ့အဖြေလေးတွေ Comment မှာရေးပေးခဲ့ကြပါအုံး :P ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ ... -